ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဩရိဿပြည်နယ်ကမ်းခြေ Bhubaneshwar မြို့အနီးမှကုန်းတွင်းသို့မုန်းတိုင်ငယ် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားသည်။ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့် အခြေအနေမရှိကြောင်းနှင့် ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် ညအပူချိန် ၁၀°C အထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားပြီး၊ နေ့အပူချိန် ၂၄°C ခန့်သာရှိနိုင်သည်။ထို့ပြင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှုအခြေအနေ သည် ၅၀ ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ ၈၀ နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၃၀ ဝန်းကျင်ဖြင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း အနည်းဆုံးဖြစ် ကြောင်းသိရသည်။



