back

မစမ်းပါးကျွန်း ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်

Nov 23 • 2:15 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

မစမ်းပါးကျွန်း ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက (၂၅၆၀) ရှိသော နယ်မြေကို "မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော" ...

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက (၂၅၆၀) ရှိသော နယ်မြေကို "မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော" အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ဒီရေတော ဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျောစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် လေထုမှကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံး လွှမ်းမှုဧရိယာ တိုးပွားလာစေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။



news-view-count-icon

40