ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက်က ရွှေကုက္ကိုလ်မြိုင်မြို့သစ်မှာ နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ BGF ပူးပေါင်းအဖွဲ့တို့က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နိုဝင်ဘာ ၁၈ ရက်နေ့မှစပြီး နှိမ်နင်းရှင်းလင်းနေရာ အဲ့ဒီလုပ်ငန်းတွေက သိမ်းဆည်းရရှိတဲ့ လက်ကိုင်ဖုန်း ၂၀၀၀၀ လုံးကျော် ၊ ကွန်ပြူတာ ၃၀၀၀ လုံး ခန့်ကို နိုဝင်ဘာလ၂၂ရက် မွန်းလွဲပိုင်းက လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီ လက်ကိုင်ဖုန်းနဲ့ ကွန်ပြူတာ ဆက်စပ်ပစ္စည်းတွေဟာ ကျားဖြန့်လုပ်ငန်းခွင်မှာ အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တာကြောင့် နိုင်ငံတော်ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ရွှေကုကိုလ် နှစ်သစ်ကူးကွင်းမှာ လမ်းကြိတ်စက်နဲ့ ကြိုတ်ပြီးဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။



