မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်၊ နေ့လည်ပိုင်းက လမ်းဖြတ်ဝင်လာသော ဆိုင်ကယ်အား တိမ်းရှောင်ရာမှ လိုက်ထရွက်ယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် လိုက်ထရွက်ယာဥ်မောင်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။



