back

မော်လမြိုင်မြို့ တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီ ဒီဇင်ဘာ (၁)ရက်တွင် စတင်မည်

Nov 23 • 1:53 PM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်မြို့ တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီ ဒီဇင်ဘာ (၁)ရက်တွင် စတင်မည်

နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ မော်လမြိုင်မြို့တောင်တက်ရာသီအဖြစ် သတ်မှတ်ထားပြီး သာသနာပြု ဆရာတော် အရှင်စန္ဒာဇောတိက ဒီဇင်ဘာလ (၁) ရက် နံနက်ပိုင်းကစ၍ ပြည်သူလူထု ကျ...

နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ မော်လမြိုင်မြို့တောင်တက်ရာသီအဖြစ် သတ်မှတ်ထားပြီး သာသနာပြု ဆရာတော် အရှင်စန္ဒာဇောတိက ဒီဇင်ဘာလ (၁) ရက် နံနက်ပိုင်းကစ၍ ပြည်သူလူထု ကျန်းမာရေးတောင်တက်လမ်းလျှောက်ပွဲနှင့် ဘုရားဖူးရာသီကို စတင်မည်ဟု မိန့်ကြားထားကြောင်း သိရသည်။အဆိုပါ တောင်တက်ရာသီအတွင်း နံနက် (၄) နာရီမှ စတင်၍ နံနက် (၉) နာရီအထိ လမ်းလျှောက်တက်ရမည်ဖြစ်ကာ ယင်းအချိန်အတွင်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများကို တောင်ပေါ်တက်ရောက်ခွင့်ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် လမ်းလျှောက်တောင်တက်သူများအနေဖြင့် ကားနှင့်ဆိုင်ကယ်များကို တောင်တက်လမ်းအဝင်၌ အခမဲ့ အပ်နှံနိုင်ရန်စီစဉ်ထားရှိပြီး လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် မေတ္တာရပ်ခံထားသည်။


news-view-count-icon

41