အောင်မင်္ဂလာ အဝေးပြေးဝင်းဟာ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာဖြစ်ပြီး အခုလို ဖမ်းဆီးနိုင်ဖို့အတွက် စည်းကမ်းချက် သတ်မှတ်ချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိဘူးလို့ သိရပါတယ်။အဲဒီ ကားဝင်းကြီးထဲကို ခရီးသည် အကြို၊ အပို့ လာရောက်ကြတဲ့ အိမ်စီးကားတွေ၊ တက္ကစီကားတွေဟာ ကားရပ်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီလို ဖမ်းဆီးခံရပါက အနည်းဆုံး ငွေကျပ် ငါးသောင်း၊ကနေ တသိန်းအထိ တောင်းယူနေပြီး ညှိနှိုင်းမှု အဆင်ပြေရင်တော့ ကျပ် ငါးသောင်းကို သုံးသောင်း၊ ကျပ် တသိန်းကို ခုနစ်သောင်း ပေးရတယ်လို့ သိရပါတယ်။အခုလို ကြုံတွေ့နေရတာတွေကြောင့် တက္ကစီသမား အများစုက အောင်မင်္ဂလာ အဝေးပြေးကို ခရီးသည် လိုက်မပို့ရဲတာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။



