ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ နေအိမ်အဆောက်အအုံ အခန်းပြုပြင် ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာ ၂၃ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေ၊ အခန်း တစ်ခန်းရှိ ဆိုဖာထိုင်ခုံ တစ်စုံ၊ ၇၅ လက်မ LED တစ်စုံ မီးလောင် ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် စုစုပေါင်း ပျက်စီးဆုံးရှုံး မှု ကာလတန်ဖိုးကျပ် ၂,၂၅၀,၀၀၀ ခန့် ပျက်စီးဆုံးရှုံး ခဲ့သည်။အဆိုပါမီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ ဆိုင်တာဝန်ခံ ရန်နောင်စိုး (၄၆ နှစ်)အား တာချီလိတ်မြို့မရဲစခန်းက (ပ) ၁၉၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ အရ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။



