နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဒလမြို့နယ်၊ အံကြီး အနောက်ရပ်ကွက်၊ ကနောင်လမ်းနှင့် အနော်ရထာ(၄)လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်နေ ဇော်သန့်(၄၇)နှစ်မောင်းနှင်လာသည့် YGN-13 AA-xxxx Nissan AD Van ယာဉ်သည် အဆိုပါလမ်းဆုံအရောက်၌ အနော်ရထာ(၄)လမ်းအတွင်းသို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ထိုင်နေသည့် အံကြီးအနောက်ရပ်ကွက်နေ ဦးညွန့်မောင် (၈၀)နှစ်ပါ အမျိုးသား ၄ ဦးတို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးညွန့်မောင်ပါ အမျိုးသား ၄ ဦးတို့ တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇော်သန့်အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



