တရုတ်နှင့် အမေရိကန်စစ်ဘက် ထိ်ပ်တန်း တာဝန်ရှိသူများသည် ယခုသီတင်းပတ်အတွင်း ပွင့်လင်း၍ အပြုသဘောဆောင်သည့် ပင်လယ်ရေ ကြောင်း လုံခြုံရေးဆွေးနွေးပွဲများကို ကျင်းပခဲ့ကြ ကြောင်း တရုတ်ရေတပ်က နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။တရုတ်-အမေရိကန် အလုပ်သဘော ပင်လယ်ရေကြောင်း လုံခြုံရေးဆွေးနွေးပွဲများကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း၌ နိုဝင်ဘာ ၁၂ မှ ၂၀ ရက်ထိ ကျင်းပခဲ့ကြောင်း တရုတ် ရေတပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တရုတ်နှင့် အမေရိကန်စစ်ဘက်တာဝန်ရှိ သူများသည် ယခုနှစ် ဧပြီလကလည်း ပင်လယ်ရေ ကြောင်း လုံခြုံရေးဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်သည်။ဧပြီလ ဆွေးနွေးပွဲများသည် အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်ထရန့် ဒုတိယအကြိမ် ရယူခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန်တို့ အကြား ကျင်းပနိုင်ခဲ့သည့် ပထမဆုံး ပင်လယ်ရေ ကြောင်း လုံခြုံရေး ဆွေးနွေးပွဲများဖြစ်သည်။ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့ သော ပင်လယ်ရေကြောင်း လုံခြုံရေးဆွေးနွေးပွဲများ တွင် နှစ်ဖက်တာဝန်ရှိသူများအနေဖြင့် တရုတ်နှင့် အမေရိကန်အကြား လက်ရှိ ပင်လယ်ရေကြောင်းနှင့် ဝေဟင်လုံခြုံရေးအခြေအနေများကို ပွင့်ပွင့်လင်း လင်း အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း တရုတ်ရေတပ် သတင်းထုတ်ပြန်ချက်အရ သိရသည်။သို့ရာတွင် အမေရိကန်၏ ပင်လယ်ရေ ကြောင်း လွတ်လပ်ခွင့် လှုပ်ရှားမှုများကို အထက်ပါ သတင်းထုတ်ပြန်ချက်တွင် ဝေဖန်ထားသည်။
Nov 23 • 6:24 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


