back

အာဆီယံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဒုတိယအမြန်ဆုံးနိုင်ငံ မလေးရှားဖြစ်လာနိုင်

Nov 23 • 6:42 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

အာဆီယံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဒုတိယအမြန်ဆုံးနိုင်ငံ မလေးရှားဖြစ်လာနိုင်

နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ မလေး ရှားနိုင်ငံသည် အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဒုတိယအမြင့်ဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှ...

နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ မလေး ရှားနိုင်ငံသည် အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဒုတိယအမြင့်ဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက် သတင်းများ တွင် ရေးသားတင်ပြထားသည်။မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၄ ဒသမ ၂ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် အိတ်စ်အက်စ်ဘီစီဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သုတေသန ဌာနက ခန့်မှန်းထားသည်။အလားတူ မလေးရှားနိုင်ငံ၏ ကြားနေဝါဒသည် ယခုနှစ် အောက်တိုဘာ လအတွင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ၌ အဓိကကုန်သွယ်ဖက် နိုင်ငံများအားလုံးကို တစ်စားပွဲတည်း စုစည်းနိုင်ရေးအတွက် အထောက်အကူပြု နိုင်ခဲ့ကြောင်း အိတ်စ်အက်စ်ဘီစီ အစီရင်ခံစာ၌ သုံးသပ်ထားသည်။လက်ရှိအခြေအနေအရ မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံပြီးလျှင် အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဒုတိယအမြန်ဆုံး နိုင်ငံအဖြစ်ကို အင်ဒိုနီးရှားနိုင်ငံနှင့် ပူးတွဲ၍ ရယူနိုင်မည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြထားသည်။


news-view-count-icon

22