back

အမေရိကန် Women's Open Tournament ပြိုင်ပွဲရဲ့ ချန်ပီယံဆုနဲ့အတူ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် မေထက်လူ သတ်မှတ်ခံရ 🎖🏆🇲🇲

Nov 23 • 6:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမေရိကန် Women's Open Tournament ပြိုင်ပွဲရဲ့ ချန်ပီယံဆုနဲ့အတူ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် မေထက်လူ သတ်မှတ်ခံရ 🎖🏆🇲🇲

မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူဟာ အမေရိကန်တက္ကသိုလ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Women's Open Tournament ပြိုင်ပွဲမှာ UCLA အသင်းနဲ့အတူ ချန်ပီယံဆု ဆွတ်ခူး...

မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူဟာ အမေရိကန်တက္ကသိုလ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Women's Open Tournament ပြိုင်ပွဲမှာ UCLA အသင်းနဲ့အတူ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် မေထက်လူဟာ ဒီပြိုင်ပွဲရဲ့ Most Valuable Player (တန်ဖိုးအရှိဆုံး ကစားသမား) အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။NIRSA Championship Series က ဦးဆောင်ပြီး နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ Women Open Tournament ပြိုင်ပွဲရဲ့ ချန်ပီယံဆုတံဆိပ်ကို မေထက်လူဟာ UCLA အသင်းနဲ့အတူ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ပြိုင်ပွဲမှာတော့ အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်နဲ့ ကောလိပ်အသင်းတွေက ဝင်ပြိုင်ခဲ့တာ တွေ့ရပြီး ပြိုင်ပွဲရဲ့ အဆင့်အတန်းကိုတော့ ဖော်ပြနိုင်ခြင်း မရှိပါဘူးအမေရိကန်နိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူ ဟာ လာမယ့် ဒီဇင်ဘာ ၂ ရက်မှာတော့ ဆီးဂိမ်းအတွက် မြန်မာအသင်းနဲ့အတူ ထိုင်းနိုင်ငံကို လာရောက် ပူးပေါင်းမှာပဲ ဖြစ်ပါတယ်။



news-view-count-icon

40