back

ရန်ကုန်တိုင်းဒေသကြီး၌ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် ၃ ခုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၄၉၀ ကျော်ကို အတည်ပြု

Nov 23 • 5:02 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၌ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် ၃ ခုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၄၉၀ ကျော်ကို အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် ၃ ခု အပါအဝင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် ၃ ခု အပါအဝင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း စုစုပေါင်း ၇၂ ခုကိုလည်းကောင်း၊ ခရီးလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း စုစုပေါင်း ၄၂၄ ခု ကိုလည်းကောင်း၊ ခွင့်ပြုချက်နှင့် သက်တမ်းတိုးပေးခဲ့သည်။အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် ဟိုတယ်အဆောက်အအုံ တည်ဆောက်ခွင့် ၂ ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) ၄၀ ခု၊ (ပြည်ပ) ၂၁ ခုတို့ ပါဝင်ခဲ့သည်။ အဆိုပါလုပ်ငန်းများကြောင့် ဟိုတယ်ကဏ္ဍတွင် ငွေကျပ် ၉,၈၇၈.၉၅၀ သန်း ရင်းနှီးမြှုပ်နှံမှု ရှိခဲ့ကာ လုပ်သားအင်အား ၂၂၃ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

26