back

စင်္ကာပူ Hougang တွင် တက္ကစီနှစ်စီး တိုက်မှုဖြစ်ပွား၊ အသက် ၇၃ နှစ်အရွယ် ယာဉ်မောင်းတစ်ဦး ဒဏ်ရာဖြင့် ဆေးရုံတင်ပို့ရ

Nov 23 • 5:03 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်္ကာပူ Hougang တွင် တက္ကစီနှစ်စီး တိုက်မှုဖြစ်ပွား၊ အသက် ၇၃ နှစ်အရွယ် ယာဉ်မောင်းတစ်ဦး ဒဏ်ရာဖြင့် ဆေးရုံတင်ပို့ရ

စင်္ကာပူနိုင်ငံ၊ Hougang ဒေသရှိ Upper Serangoon Road ၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း က တက္ကစီနှစ်စီး တိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အန...

စင်္ကာပူနိုင်ငံ၊ Hougang ဒေသရှိ Upper Serangoon Road ၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း က တက္ကစီနှစ်စီး တိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အနီရောင် Transcab တက္ကစီသည် လမ်းအလယ်ရှိ ကန့်လန့်ကာစည်း (divider) ကို ကျော်တက်သွားခဲ့ပြီး၊ အဆိုပါကားမောင်းသူ အသက် ၇၃ နှစ်အရွယ် အမျိုးသား မှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။ အသက် ၅၃ နှစ်အရွယ် နောက်ထပ်ယာဉ်မောင်းတစ်ဦးကမူ ရဲတပ်ဖွဲ့ကို စစ်ဆေးမေးမြန်းမှုများတွင် ကူညီပေးနေကြောင်းနှင့် ComfortDelGro တက္ကစီမှ ယာဉ်မောင်းနှင့် ခရီးသည် ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။

news-view-count-icon

20