ထိုင်းတောင်ပိုင်းအစပ်က ဆုန်ခလပြည်နယ်၊ ဟတ်ယိုင်မြို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်ကတည်းက မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဒီနေ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဟတ်ယိုင်မြို့ တောင်ပိုင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာတချို့က ပြောပါတယ်။"ဒီနေ့ (နိုဝင်ဘာ ၂၃ ရက်)မနက်အထိ ရေထပ်တက်လာတယ်။ အိမ်အောက်ထပ်တစ်ထပ်လုံးမြှုပ်သွားပြီ" လို့ ဟတ်ယိုင်မှာနေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။ဟတ်ယိုင်မြို့လယ်ခေါင် အသွားအလာအများဆုံးဖြစ်တဲ့ ပက်ကဆန်းလမ်းကြီးနဲ့ လေဆိပ်လမ်းအပါအဝင် မြို့တွင်းလမ်းမကြီးတွေအားလုံးနီးပါး ရေနစ်မြှုပ်ကုန်ပြီလို့ သူက ဆိုပါတယ်။ရေကြီးရေလျှံနေတာကြောင့် ဟတ်ယိုင်မြို့ပေါ်ရပ်ကွက်အားလုံးကိုလည်း လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။အလားတူ ဟတ်ယိုင်မှာ မိုးရွာသွန်းတာများပြီး ရုတ်တရုက်ရေကြီးလာတာကြောင့် ဟတ်ယိုင်အနီးက ဆည်ကိုလည်. ဖွင့်ချထားရတာကြောင့် ရေဒီထက်ပိုကြီးလာနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။လက်ရှိမှာ ဟတ်ယိုင်မြို့ထဲမှာ ဒေသခံတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ နေအိမ်တွေမှာပဲ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ မြန်မာတချို့က ပြောပါတယ်။
ထိုင်းတောင်ပိုင်း၊ ဟတ်ယိုင်တွင် ရေကြီးမှုကြောင့် လူထောင်နဲ့ချီ ရွှေ့ပြောင်းနေရပြီး မြန်မာလုပ်သားတချို့ နေအိမ်တွေမှာပဲ ပိတ်မိနေ
Nov 23 • 5:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


