back

ထိုင်းနိုင်ငံ၊Hat Yai ရှိရေဘေးသင့်နေရာများကို ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

Nov 23 • 5:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊Hat Yai ရှိရေဘေးသင့်နေရာများကို ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul နှင့် အဖွဲ့သည် Songkhla ပြည်နယ်၊ Hat Yai ခရိုင်၊ Si Yaek Rong Pun လမ်းဆုံ အနီးတဝိုက်ရှိ ရေကြီးမှု အ...

ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul နှင့် အဖွဲ့သည် Songkhla ပြည်နယ်၊ Hat Yai ခရိုင်၊ Si Yaek Rong Pun လမ်းဆုံ အနီးတဝိုက်ရှိ ရေကြီးမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။ရေကြီးခြင်းကြောင့် ကားဖြင့် ဝင်ရောက်၍ မရနိုင်သော နေရာများရှိ ပြည်သူများထံသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နိုင်ရန် ဝန်ကြီးချုပ်သည် လှေဖြင့် ဆက်လက် သွားရောက်ခဲ့သည်။ပြည်သူ အများအပြားသည်လည်း လိုအပ်သော စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို လက်ခံ ရယူရန်အတွက် ရေထဲသို့ ဆင်း၍ လာရောက် စောင့်ဆိုင်းခဲ့ကြသည်။

news-view-count-icon

27