back

ပြည်တွင်းဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်းတိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေ

Nov 23 • 4:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်းတိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ဟာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်းတိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့သိရ...

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ဟာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်းတိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့သိရပါတယ်။လက်ရှိမှာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်း Level-1, Level-2ကို စတင်ဖွင့်လှစ်ခဲ့နိုင်ပြီး ဆက်လက်ပြီးအဆင့်မြင့်တွေနဲ့ဖွင့်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။သင်တန်းတွေ ဟာ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက်ပါ အကျိုးကျေးဇူး များစွာရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီး သင်တန်းတွေကတစ်ဆင့် ဖွံ့ဖြိုးတိုး တက်ဖို့အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိစတင်ဖွင့်လှစ်ထားတဲ့ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းကို စာတွေ့-လက်တွေ့ သင်ကြားမှုပုံစံနဲ့ ဖွင့်လှစ်တာဖြစ်ပြီး ၊ သင်တန်းကာလမှာ (၄)လခန့် ကြာမြင့်မယ်လို့သိရပါတယ်။သင်တန်းပြီးဆုံးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည့် Employment Guaranteed Training ဖြစ်တယ်လို့လည်းသိရှိရပါတယ်။

news-view-count-icon

33