back

တရုတ်နှင့် ဂျပန်မြို့များအကြား လေကြောင်းပျံသန်းမှုကို သိသိသာသာလျော့ချမည်ဖြစ်

Nov 23 • 4:13 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နှင့် ဂျပန်မြို့များအကြား လေကြောင်းပျံသန်းမှုကို သိသိသာသာလျော့ချမည်ဖြစ်

တရုတ်နိုင်ငံပိုင် အဓိကလေကြောင်းလိုင်းကုမ္ပဏီဖြစ်သည့် Air China သည် ယခုလကုန်ပိုင်းမှစ၍ တရုတ်နှင့် ဂျပန်မြို့များအကြား ပျံသန်းမှုအရေအတွက်ကို သိသိသာသာ လျှော့ချမည်ဟ...

တရုတ်နိုင်ငံပိုင် အဓိကလေကြောင်းလိုင်းကုမ္ပဏီဖြစ်သည့် Air China သည် ယခုလကုန်ပိုင်းမှစ၍ တရုတ်နှင့် ဂျပန်မြို့များအကြား ပျံသန်းမှုအရေအတွက်ကို သိသိသာသာ လျှော့ချမည်ဟု နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း စထရိတ်တိုင်းသတင်းကဖော်ပြခဲ့သည်။ Air China ထုတ်ပြန်ချက်အရ ရှန်ဟိုင်း-အိုဆာကာ အကြား ပျံသန်းမှုအရေအတွက်ကို လတ်တ လော တစ်ပတ် ၂၁ ကြိမ် မှ နိုဝင်ဘာ ၃၀ ရက်မှ ၂၀၂၆ မတ် ၂၈ ရက်ထိ တစ်ပတ် ၁၆ ကြိမ် သို့ လျှော့ချမည် ဖြစ်သည်။ ဒီဇင်ဘာလတွင် လေကြောင်းလိုင်းသည် ချုံကင်းနှင့် တိုကျိုအကြား ပျံသန်းမှုများကို လက်ရှိတစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းမှုမှ လေးကြိမ်အထိ လျှော့ချမည်ဖြစ်သည်။ လေကြောင်းလိုင်း၏ တာဝန်ရှိသူတစ်ဦးက လျှော့ချမှုများသည် လေယာဉ်ရရှိမှု အခြေအနေကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

news-view-count-icon

17