back

ပြည်တွင်းတွင် ပုစွန်ဈေးကွက် မြင့်တက်မှုကြောင့် စားသုံးမှုနှုန်း လျော့ကျလာ

Nov 23 • 4:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် ပုစွန်ဈေးကွက် မြင့်တက်မှုကြောင့် စားသုံးမှုနှုန်း လျော့ကျလာ

ပြည်တွင်း ရေထွက်ကုန် ဈေးကွက်တွင် ပုစွန်အမျိုးအစားအားလုံး၏ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဝယ်လိုအားနှင့် စားသုံးမှုနှုန်း သိသိသာသာ လျော့ကျလာသည့် အခြေအနေရှိ...

ပြည်တွင်း ရေထွက်ကုန် ဈေးကွက်တွင် ပုစွန်အမျိုးအစားအားလုံး၏ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဝယ်လိုအားနှင့် စားသုံးမှုနှုန်း သိသိသာသာ လျော့ကျလာသည့် အခြေအနေရှိကြောင်း ပုစွန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ရေချိုပုစွန်ထုတ်၊ ဘောဂျိတ်၊ ရွှေနီ (ဒေသအခေါ် ပုစွန်ခေါင်းပြုတ်)၊ ကျားပုစွန်၊ ပုဇွန်ဆိတ်၊ မြစ်ပုစွန်ထုတ်အဖြူ စသည့် ပုစွန်အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ မှစ၍ ကျပ် ၈၀,၀၀၀ အထက်အထိ ဈေးရှိသည်။ ဈေးတန်းအမြင့်ဆုံးမှာ ရေချိုပုစွန်ထုတ်ဖြစ်ပြီး၊ ဈေးအနည်းဆုံးမှာ ပုစွန်ဆိတ်ဖြစ်သည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် စားသောက်ဆိုင်များ၊ ဟော့ပေါ့ဆိုင်၊ မူကထာဆိုင်၊ ထမင်းဆိုင်များ အများစုကသာ ပုစွန်ကို ဝယ်ယူမှုရှိနေပါသည်။

news-view-count-icon

58