ကမ္ဘာ့ ဈေးဝယ်ထွက်ရာ မြို့တော်တွေဟာ ပြောင်းလဲသွားပါပြီ။ နှစ်ပေါင်းများစွာကြာ Paris ဟာ ကမ္ဘာ့ဈေးဝယ်လို့ အကောင်းဆုံး မြို့တော်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး၊ Tokyo က ယဉ်ကျေးမှု၊ အပန်းဖြေမှုနဲ့ ပေါ့ပါးတဲ့ ဈေးဝယ်ထွက်တာမျိုးမှာ နာမည်ကြီးပါတယ်။ Seoul က အလှအပဆိုင်ရာကို ရှာဖွေတဲ့ ခရီးသွားတွေကို ဆွဲဆောင်ခဲ့သလို Singapore ကတော့ သန့်ပြန့်တဲ့ အစားအသောက်နဲ့ လတ်ဆတ်တဲ့ လေကြောင့် ဈေးဝယ်သူတွေ အကြိုက်တွေ့ကြပါတယ်။ဒါပေမဲ့ 2025 Condé Nast Traveler Readers’ Choice Awards ရဲ့ ကမ္ဘာမှာ ဈေးဝယ်လို့ အကောင်းဆုံး မြို့တော် စာရင်းမှာတော့ အပြောင်းအလဲတွေ ပါလာပါတယ်။ ကမ္ဘာ့ ထိပ်တန်း ဈေးဝယ်ထွက်စရာ ၁၀ နေရာအနက် ထက်ဝက်က အခုအခါ အရှေ့နဲ့ အရှေ့တောင်အာရှမှာ ရှိနေပါတယ်။ Seoul, Singapore, Tokyo, Hong Kong နဲ့ Bangkok တို့ဟာ ကမ္ဘာ့ ဈေးဝယ်ထွက်ရာ မြို့တော်စာရင်းမှာ ထိပ်ဆုံးက ပါလာကြပါတယ်။ 
Nov 23 • 4:11 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


