back

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတာရက်တိုးမြင့်ဆောင်ရွက်ပေးမယ်

Nov 23 • 3:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတာရက်တိုးမြင့်ဆောင်ရွက်ပေးမယ်

ကိုရီးယားနိုင်ငံရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတာကိုရက်တိုးမြင့်ဆောင်ရွက်ပေးမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကသိရပါတယ်။ရ...

ကိုရီးယားနိုင်ငံရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတာကိုရက်တိုးမြင့်ဆောင်ရွက်ပေးမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကသိရပါတယ်။ရက်တိုးမြင့်တာတွေကို ပိတ်ရက်တွေမှာလည်းပြုလုပ်ပြီးသွားမယ်လို့ကိုရီးယားသမ္မတနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပြန်လည်ထုတ်ပေးတာကို သတ်မှတ်ရက်ချိန်း တွေအလိုက် နေ့စဉ်ပုံမှန် ရုံးဖွင့်ရက်တွေမှာ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအတွင်း ပြန်လည်ထုတ်ပေး‌နေပါတယ်"လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကပြောပါတယ်။အခုအခါ လာရောက်ထုတ်ယူသူတွေ ပိုမိုအဆင်ပြေစေရဖို့အတွက် ယခင်သတ်မှတ် ထားတဲ့ရက် တွေအပြင် အပတ်စဉ် စနေနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ အချိန်ကနေ ၄နာရီ ၃၀ အထိ တိုးမြှင့်ပြီးထုတ်ပေးသွားမယ်လို့ သိရပါတယ်။ တိုးမြင့်သတ်မှတ်ထားတဲ့ ရက်ချိန်းပါရှိရက်သတ္တပတ်ရဲ့ စနေနေ့မှာ လာရောက် ထုတ်ယူနိုင်မယ်ဖြစ်တယ်လို့ သိရှိရပါတယ်။


news-view-count-icon

35