back

ဗီယက်နမ်မှာ ရေကြီးမှုကြောင့် လူ ၆၈ ဦး ‌ေ-သဆုံးထားပြီး ဒေါ်လာ သန်း ၃၄၀ ဖိုး ပျက်စီးဆုံးရှုံး

Nov 23 • 3:44 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်မှာ ရေကြီးမှုကြောင့် လူ ၆၈ ဦး ‌ေ-သဆုံးထားပြီး ဒေါ်လာ သန်း ၃၄၀ ဖိုး ပျက်စီးဆုံးရှုံး

ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းနဲ့ Central Highlands ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဝင် ရေကြီးမှုတွေကြောင့် လူ ၆၈ ဦး ‌ေ-သဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး ကနဦး စီးပ...

ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းနဲ့ Central Highlands ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဝင် ရေကြီးမှုတွေကြောင့် လူ ၆၈ ဦး ‌ေ-သဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး ကနဦး စီးပွားရေး ဆုံးရှုံးမှုတန်ဖိုး VND 8.98 trillion (အမေရိကန်ဒေါ်လာ ၃၄၀ သန်းကျော်) ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာလ ၂၂ ရက် မနက် ၆ နာရီအထိ စာရင်းတွေအရ ‌ေ-သဆုံးသူ ၅၅ ဦးနဲ့ ပျောက်ဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ အရင်နေ့ကထက် ၁၃ ဦး ပိုများလာတာ ဖြစ်ပါတယ်။

Dak Lak ပြည်နယ်ဟာ အထိနာဆုံးဖြစ်ပြီး ‌ေ-သဆုံးသူ ၂၇ ဦး ရှိကာ Khanh Hoa ၊ Lam Dong ၊ Gia Lai ၊ Thua Thien Hue နဲ့ Da Nang တို့မှာလည်း ‌ေ-သဆုံးမှုတွေ ရှိခဲ့ပါတယ်။ အိမ်ခြေ ၉၄၆ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၈,၄၆၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ အဓိကအားဖြင့် Dak Lak ၊ Khanh Hoa နဲ့ Gia Lai တို့မှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။စိုက်ပျိုးရေး ကဏ္ဍမှာလည်း ဆန်စပါးနဲ့ သီးနှံ ဟက်တာ ၇၉,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး တိရစ္ဆာန် ၃.၂၄ သန်းကျော် ‌ေ-သဆုံး (သို့မဟုတ်) ရေထဲ မျောပါသွားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အနေနဲ့လည်း အမျိုးသား အဝေးပြေးလမ်းမကြီး ၁၆ နေရာနဲ့ ပြည်နယ်ချင်းဆက်လမ်း ၁၈၀ လောက် ရေလွှမ်းမိုးတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့သလို ရထားခရီးစဉ်တွေလည်း ရပ်ဆိုင်းထားရပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။အစိုးရက အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ဒုတိယဝန်ကြီးချုပ်တွေ ပါဝင်တဲ့ အလုပ်အဖွဲ့ ၃ ဖွဲ့ကို စေလွှတ်ထားပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်က အထိနာဆုံးဖြစ်တဲ့ Khanh Hoa ၊ Lam Dong ၊ Gia Lai နဲ့ Dak Lak ဒေသ ၄ ခုအတွက် အရေးပေါ်ရန်ပုံငွေ VND 700 billion (ဒေါ်လာ ၂၆.၆ သန်း) ချထားပေးဖို့ အတည်ပြုပေးခဲ့ပါတယ်။



news-view-count-icon

19