မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာကာ လစာငွေက ထိုက်သင့်တဲ့လစာ ဖြစ်မနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် ပြည်သူအားလုံးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါသည်။ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေသူရှိတဲ့မိသားစုတွေကြားမှာလည်း လတ်တလော ဒေါ်လာငွေလဲလှယ်နှုန်းမှာ ယခင်ကထက်ကျဆင်းလာမှုတွေကြောင့် ပြည်တွင်းပြန်ပို့ငွေရရှိမှုအရင်ထက်နည်းလာတယ်လို့ပြောနေကြတာပါ။ ကုန်ဈေးနှုန်း မြင့်လာလေ လူတွေရဲ့နေထိုင်စားသောက်မှုစနစ်တွေက ပိုမြင့်လာလေဖြစ်ရမယ့်အစား ကြပ်တည်းမှုတွေ ငတ်မွတ်မှုတွေပိုမို ဖြစ်လာနေတာ ဖြစ်ပါသည်။



