back

မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်နေ

Nov 23 • 3:37 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်နေ

မွန်ပြည်နယ်မှာ နယ်ကျော် စပါးသယ်ယူမှု ကန့်သတ်ချက်ကြောင့် ဝယ်လက်မရှိဘဲ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါသည်။နယ်ကျော် စပါးသယ်ယူမှုအပေါ် ဖမ်းဆ...

မွန်ပြည်နယ်မှာ နယ်ကျော် စပါးသယ်ယူမှု ကန့်သတ်ချက်ကြောင့် ဝယ်လက်မရှိဘဲ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါသည်။နယ်ကျော် စပါးသယ်ယူမှုအပေါ် ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတဲ့အတွက် စပါး ဝယ်ယူသူတွေဟာ စပါးဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကိုက်ညီမှု မရှိတာကြောင့် အရင်လို မဝယ်ယူ ကြတော့တဲ့အတွက် တောင်သူတွေ စပါးရောင်းဖို့ အခက်ကြုံနေရပါတယ်။ထို့အပြင် လက်ရှိ မိုးစပါး ထွက်ရှိချိန် ဖြစ်ပေမယ့် ဝယ်ယူသူ မရှိတာကြောင့် တောင်သူတွေအနေနဲ့ စပါးတွေကို ဒီအတိုင်း ပုံထား ရသလို တချို့ တောင်သူတွေဟာ ရိတ်သိမ်းခပေးဖို့အတွက်တောင် စပါး ရောင်းမထွက်တာကြောင့် အတိုးကြီးကြီး ပေးပြီး လိုက်လံ ချေးငှား ပေးချေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။တောင်သူတွေဟာ မိုးစပါး စိုက်ပျိုးစဉ်က ထွန်ယက်ခ၊ မျိုးစပါးခ၊ ဓာတ်မြေဩဇာခ၊ စိုက်ပျိုး ရိတ်သိမ်းခတွေအပြင် အထွေထွေ ကုန်ကျ စရိတ် ကြီးမြင့်မှုတွေနဲ့ စိုက်ပျိုး ခဲ့ကြပေမယ့် အထွက်နှုန်း နည်းတာ၊ အချိန်အခါ မဟုတ် မိုးရွာသွန်းတာ တွေကြောင့်လည်း ပျက်စီး ဆုံးရှုံးမှု များခဲ့တာဖြစ်ပါသည်။

news-view-count-icon

22