မန္တလေးမြို့ ယာဉ်အန္တရာယ် လျော့နည်းကျဆင်း စေရေးအတွက် မန္တလေးမြို့ေတာ်စည်ပင်သာယာရေး ကော်မတီလမ်းတံတားဌာနက အဓိကကျသော လမ်းဆုံ များတွင် ပလက်ဖောင်းများ ပြုပြင်ပြီး လမ်းကာ တုံးများ တိုးချဲ့တပ်ဆင်ပေးလျက်ရှိသည်။ မော်တော်ယာဉ်များပြား လာပြီး ယာဉ်အန္တရာယ် လျော့နည်းစေရေးအတွကလမ်းမကြီးဖြစ်သော ၃၅ လမ်း၊ ၇၈ လမ်းမှ မြို့ပတ်လမ်းအထိ ယာဉ်ကြောအမှတ် အသားများ၊ လူကူးမျဉ်းများကို နိုဝင်ဘာ ၂၁ ရက်က ရေးဆွဲပေးလျက်ရှိသည်။ မန္တလေးမြို့တွင်ဆိုင်ကယ်အသုံးပြုမှုတိုးတက်များပြားလာပြီးယာဉ်အန္တရာယ်လျော့နည်းကျဆင်းလာစေရေးအတွက် ကျုံးပတ်လည် ၃၅လမ်း၊ ၇၈ လမ်းတို့တွင် ဆိုင်ကယ်စီးနင်းရန် သတ်မှတ်ပေးထားသော လမ်းပိုင်းတွင် ဆိုင်ကယ်လမ်း အမှတ်အသားများ ရေးဆွဲပေးထားသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ယာဉ်ကြောရှုပ်ထွေး သည့်လမ်းဆုံများ၊ အဓိက လမ်းမကြီးများတွင်လည်း မီးပွိုင့်အသစ်များတိုးချဲ့ တပ်ဆင်ပေးခြင်း၊ မီးပျက်ချိန် ယာဉ်ရှုပ်ထွေးပြီး လမ်းပိတ်ဆို့မှု မရှိစေရေး မိုဘိုင်းမီးပွိုင့်များ ချထားပေးခြင်း၊ လူသွားလာမှုများသော နေရာများတွင် ပလက်ဖောင်းများတိုး ချဲ့ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။



