back

ဘင်္ဂလားဒေ့ရှ်၌ မြေငလျင်လှုပ်ရာ ရှစ်ဦးသေဆုံး၍ ၃၀၀ ကျော် ဒဏ်ရာရခဲ့

Nov 23 • 3:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်၌ မြေငလျင်လှုပ်ရာ ရှစ်ဦးသေဆုံး၍ ၃၀၀ ကျော် ဒဏ်ရာရခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း၌ နိုဝင်ဘာ ၂၁ ရက်က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ ရာ အနည်းဆုံး လူရှစ်ဦးသေဆုံး၍ ၃၀၀ က...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း၌ နိုဝင်ဘာ ၂၁ ရက်က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ ရာ အနည်းဆုံး လူရှစ်ဦးသေဆုံး၍ ၃၀၀ ကျော် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မြေငလျင်ဒဏ်ကြောင့် ဒါကာမြို့ တော်ရှိ အဆောက်အအုံများလည်း လှုပ်ခါခဲ့ရာ နေထိုင်သူများ အထိတ်တလန့် ထွက်ပြေးခဲ့ရ ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြသည်။ယင်းမြေငလျင်သည် ဒါကာမြို့တော်နှင့် ၁၆ မိုင်အကွာတွင်ရှိသော နာဆင်းဒီခရိုင်ကို ဗဟိုပြု၍ မြေအောက်အနက် ခြောက်မိုင်ခန့်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်း တာရေး အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။ငလျင်လှုပ်ခတ်မှုအတွင်း အနည်းဆုံးလူရှစ် ဦး သေဆုံးခဲ့ရာ အများစုမှာ ခေါင်မိုးနှင့် နံရံများ ပြိုကျမှုကြောင့် သေဆုံးခဲ့ရသူများဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ဒါကာမြို့တော် ဘာရီဟာ ရာရပ်ကွက်၌ အဆောက်အအုံအချို့ တိမ်းစောင်း ခဲ့ရပြီး မီးလောင်မှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက သတင်းထုတ် ပြန်ထား သည်။ငလျင်လှုပ်ခတ်စဉ်အတွင်း လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရခဲ့ရာ အများစုမှာ အထည်ချုပ်အလုပ် သမားများဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူ များက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက် မြေငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့သော နာဆင်းဒီခရိုင်၌ အထည်ချုပ်စက်ရုံ အရေအတွက် ရာနှင့်ချီ တည်ရှိကြောင်း သိရသည်။



news-view-count-icon

34