back

ကမ္ဘာ့ပထမဆုံး H5N5 ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ Washington ပြည်နယ်ဒေသခံတစ်ဦး သေဆုံး

Nov 23 • 2:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ပထမဆုံး H5N5 ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ Washington ပြည်နယ်ဒေသခံတစ်ဦး သေဆုံး

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် H5N5 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သည့် Washington State ဒေသခံ သက်ကြီးရွယ်အိုတစ်ဦး သည် နိုဝင်ဘာ ၂၁ ရက်နေ့က သ...

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် H5N5 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သည့် Washington State ဒေသခံ သက်ကြီးရွယ်အိုတစ်ဦး သည် နိုဝင်ဘာ ၂၁ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ Grays Harbor County မှ ကွယ်လွန်သူသည် ရောဂါအခံရှိသူဖြစ်ပြီး အိမ်နောက်ဖေး၌ အိမ်မွေးငှက်မျိုးစုံ မွေးမြူထားသူ ဖြစ်သည်။ ကျန်းမာရေးဌာန၏ စစ်ဆေးမှုအရ ထိုငှက်အုပ်စုပတ်ဝန်းကျင်တွင် ကြက်ငှက်တုပ်ကွေးပိုးကို တွေ့ရှိခဲ့ရသောကြောင့် အိမ်မွေးငှက်များ သို့မဟုတ် တောရိုင်းငှက်များမှ ရောဂါကူးစက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အခြားမည်သူ့၌မှ ရောဂါပိုးမတွေ့ရှိရသေးဘဲ လူလူချင်း ကူးစက်မှုရှိကြောင်း သက်သေမရှိသေးသောကြောင့် ပြည်သူလူထုအပေါ် အန္တရာယ်ရှိနိုင်မှုမှာ နည်းပါးနေဆဲဖြစ်ကြောင်းနှင့် ရောဂါလက္ခဏာရှိမရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ဌာနက ပြောကြားခဲ့သည်။

news-view-count-icon

27