back

ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ခရီးစဉ်များ နိုဝင်ဘာ ၂၂ ရက်မှစ၍ ပြန်လည်စတင်ပြေးဆွဲ

Nov 23 • 2:36 AM

breaking-news

မြန်မာ

ရခိုင်

cover

ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ခရီးစဉ်များ နိုဝင်ဘာ ၂၂ ရက်မှစ၍ ပြန်လည်စတင်ပြေးဆွဲ

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ခရီးစဉ်များ ကို ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍ ၁၀ နှစ်နီးပါး ရပ်နားခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက် ...

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ခရီးစဉ်များ ကို ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍ ၁၀ နှစ်နီးပါး ရပ်နားခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက် မှစ၍ ပင်လယ်ပြင် ရာသီဥတုအခြေအနေအရ ရှပ်ပြေးအမြန်ရေယာဉ် များဖြင့် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။ ယခင်က စပိဘုတ်အငယ်စားများဖြင့်သာ ပြေးဆွဲခဲ့ရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ပြီး၊ ခရီးသည် ၂၀၀ ခန့် လိုက်ပါနိုင်မည်ဖြစ်သည်။ မြိတ်မြို့မှ ထားဝယ်မြို့သို့ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် ပထမဆုံးအကြိမ် စတင်ထွက်ခွာခဲ့ပြီး၊ ထားဝယ်မြို့မှ မြိတ်မြို့သို့မူ ယနေ့ နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို သတ်မှတ်ထားသော ခရီးသွားလုပ်ငန်းများထံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

news-view-count-icon

52