ONE Championship က MMA နဲ့ UFC အကြား ဘယ်လောက်ထိ ကွာခြားချက် ကြီးမားလဲ ဆိုတာ မြင်ရတဲ့ ပွဲမျိုး ဖြစ်ပါတယ်။ ဖိုက်တာဆာဂီ ဆိုတာ ONE မှာ ရှိခဲ့စဉ်က ချန်ပီယံလောင်းလို့ တင်စားခံခဲ့ရသူဖြစ်ကာကြမ်းပြင်ပေါ် လှဲချလိုက်တာနဲ့ သူ့ရဲ့ Ground and Pound တွေက ကြောက်စရာကြီးပါပဲ။ ဘယ်ဖိုက်တာမှ သူ့ကို ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။UFC ဖိုက်တာဘ၀ ကန့်လန့်ကာ အဖွင့်မှာတော့ အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ၊ နောက်ဆုံး ၂ ပွဲ ဆက်ရှုံးထားတဲ့ ဖိုက်တာကြီးနဲ့ တွေ့ပေးပါတယ်။ဒါပေမယ့် ဆာဂီ အသာစီး မယူနိုင်ဘဲအစောပိုင်းသာပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ဒါလ်ဘီ က ပုံစံကောင်းတွေနဲ့ တုန့်ပြန်ပါတယ်။လှဲချခံထားရရင်တောင် Counter Wrestling လုပ်တာတွေက မိုက်လွန်းပါတယ်။တစ်ခုပြောစရာရှိတာက ဆာဂီ ပွဲဝေးလွန်းတာ အတော်ကြာပါတယ်။ အဲဒီအတွက် ပုံစံကောင်း ပျောက်သွားတာလား မသိပါဘူး။ဒါပေမယ့် ပြိုင်ဘက်က အသက် ၄၀ ကျော် ဘိုးတော် ဖြစ်နေတာတောင် အသာစီးမရခဲ့တာလည်းဖြစ်ပါတယ်။
| 37 | 0 | 0 | 0 |


