ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် တွင် စီနီယာကျောင်းသားများ ဦးဆောင်၍ လူသစ်မောင်မယ် ကြိုဆိုပွဲ အဖြစ် သတ်မှတ်နိုင်သည့် ရိုးရာဓလေ့တစ်ခုဖြစ်သော ဒွိုင်စုထပ်တောင်တက်ပွဲ ကို နှစ်စဉ် ဆောင်းရာသီ မနက်ခင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ဤတောင်တက်ပွဲသည် ကျောင်းသားလူသစ်များအနေဖြင့် စာသင်နှစ်တစ်လျှောက်လုံး အောင်မြင်မှုရရှိရန် ရည်ရွယ်သည့် ရိုးရာဓလေ့ ကို လိုက်နာခြင်းဖြစ်ပြီး၊ တက္ကသိုလ်အသိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်မှုကို ပြသခြင်း ကို အဓိကထားသည်။ပွဲတော်ကျင်းပသည့်နေ့တွင် ချင်းမိုင်တစ်မြို့လုံးနီးပါးသည် ဒွိုင်စုထပ်တောင်သို့ ရောက်ရှိလာကြပြီး၊ လမ်းတစ်လျှောက်တွင် စတုဒိသာများ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာ အားပေးခြင်းများဖြင့် နွေးထွေးအေးချမ်းပြီး အားကျစရာကောင်းသော ပွဲတော်တစ်ခုအဖြစ် ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ချင်းမိုင်တက္ကသိုလ်၌ စာသင်နှစ်တစ်လျှောက် အောင်မြင်ရေးနှင့် စည်းလုံးညီညွတ်မှုအတွက် ဒွိုင်စုထပ်တောင်တက်ပွဲ ရိုးရာဓလေ့ကို ဆင်နွှဲ
Nov 23 • 1:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


