မနေ့က နိုဝင်ဘာလ ၂၂ ရက်နေ့၊ ည ၉ နာရီ ၂၈ မိနစ်ခန့်ကမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ ရာဘာမှိုင်းခံရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မီးလောင်ရာနေရာကို ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး နဲ့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြိမ်းသတ်ခဲ့ကြပါတယ်။ည ၁၁ နာရီ ၀၀ မိနစ်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ည ၁၁ နာရီ ၃၀ မိနစ်မှာတော့ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။



