ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေ အား နိုဝင်ဘာ ၁၈ ရက်မှ စတင်ရှင်းလင်းခဲ့ရာ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက် တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ပြီး ပုန်းအောင်းနေထိုင်သူ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြည်ပနိုင်ငံသား ၂၂၃ ဦး (တရုတ် ၁၀၀ ဦး၊ ဗီယက်နမ် ၁၄ ဦး၊ ကင်ညာ ၂၄ ဦး၊ အီသီရိုးပီးယား ၁၅ ဦး အပါအဝင်) ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ စုစုပေါင်း ပြည်ပနိုင်ငံသား ၁,၅၉၀ ဦး ကို ကွန်ပျူတာ ၂,၈၉၃ လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံးနှင့် Starlink ဆက်သွယ်ရေးပစ္စည်းများ အပါအဝင် လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထိန်းသိမ်းနိုင်ခဲ့သည်။ ထိန်းသိမ်းရမိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး၊ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှစ၍ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂,၄၆၈ ဦးအနက် ၉,၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏နိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ရှင်းလင်းမှု (၅) ရက်အတွင်း ပြည်ပနိုင်ငံသား စုစုပေါင်း ၁,၅၉၀ ဦးထိန်းသိမ်း၊ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ၂၂၃ ဦးကို ထပ်မံဖမ်းဆီးရမိ
Nov 23 • 1:50 AM
မြန်မာ
ကရင်
မျှဝေမည်
| 20 | 0 | 0 | 0 |


