ပြီးခဲ့သည့်တစ်ပတ်လုံး ဗီယက်နမ်အလယ်ပိုင်းဒေသ တွင် မိုးအလွန်သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် နိုဝင်ဘာ ၂၂ ရက်နေ့အထိ စာရင်းအရ စုစုပေါင်း သေဆုံးသူ ၅၅ ဦး ရှိခဲ့ပြီး ၁၃ ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဒေသများတွင် မိုးရေချိန်သည် ၁,၉၀၀ မီလီမီတာ (၇၄.၈ လက်မ) အထိ ရွာသွန်းခဲ့ရာ ဒက်ခ်လက်ခရိုင် ၌ လူနေအဆောက်အအုံတစ်ဝက်နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ၂၄ ဦး သေဆုံးခဲ့ကာ ခန်းဟွာခရိုင် တွင် ၁၄ ဦး သေဆုံးခဲ့သည်။ အစိုးရ၏ တွက်ချက်မှုအရ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ပမာဏမှာ ဗီယက်နမ်ဒေါင် ၈.၉၈ ထရီလီယံ (စင်ကာပူဒေါ်လာ ၄၄၅ သန်းခန့်) တန်ဖိုးရှိမည်ဟု ခန့်မှန်းထားပြီး၊ နေအိမ်ပေါင်း ၂၃၅,၀၀၀ ရေမြုပ်ကာ စိုက်ပျိုးမြေ ဟက်တာ ၈၀,၀၀၀ ကျော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဗီယက်နမ်အလယ်ပိုင်းတွင် တစ်ပတ်ကြာ မိုးသည်းထန်ရေကြီးမှုကြောင့် လူ ၅၅ ဦး သေဆုံး၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၄၄၅ သန်းခန့် ရှိ
Nov 23 • 1:48 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


