back

သာကေတ ဧရာဝဏ်လမ်းပေါ်တွင် ကားနှစ်စီးတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ၍ ကယ်ဆယ်ကုသ

Nov 23 • 1:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သာကေတ ဧရာဝဏ်လမ်းပေါ်တွင် ကားနှစ်စီးတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ၍ ကယ်ဆယ်ကုသ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဘုရားလေးကွေ့၊ ဧရာဝဏ်လမ်းမပေါ် ၌ ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ည ၇ နာရီကျော်ခန့် က ကားနှစ်စီးတိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဘုရားလေးကွေ့၊ ဧရာဝဏ်လမ်းမပေါ် ၌ ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ည ၇ နာရီကျော်ခန့် က ကားနှစ်စီးတိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းအတွင်း ညပ်နေသည့် အမျိုးသားတစ်ဦး ကို ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ သာကေတနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ထိုအမျိုးသားအား ည ၇ နာရီ ၂၀ မိနစ်ကျော်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိထားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18