ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာမြို့မှ ၃၃ ကီလိုမီတာခန့်အကွာရှိ နာဆင်းဒီမြို့အနီးကို ဗဟိုပြု၍ သောကြာနေ့ နံနက် ၁၀:၃၈ နာရီခန့် တွင် ပြင်းအား ၅.၅ ပမာဏရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (ယူအက်စ်ဂျီအက်စ်) က ပြောကြားခဲ့သည်။ ယင်းငလျင်ကြောင့် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ ပြိုကျခဲ့ပြီး၊ ကလေးတစ်ဦးအပါအဝင် လူငါးဦးထက်မနည်း သေဆုံး ခဲ့ကာ တက္ကသိုလ်ကျောင်းသားများနှင့် စက်ရုံအလုပ်သမားများအပါအဝင် လူ ၁၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည် ဟု ကြားဖြတ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ်စ်က ပြောကြားခဲ့သည်။ အများပြည်သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေအိမ်များမှ ထွက်ပြေးခဲ့ကြပြီး၊ ဒဏ်ရာပြင်းထန်သူ ကိုးဦးကို ဒါကာရှိ ဆေးရုံများတွင် ကုသပေးနေရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအနီးတွင် ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံး၊ ၁၀၀ ခန့် ဒဏ်ရာရ
Nov 23 • 1:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


