ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေ အား နိုဝင်ဘာ ၁၈ ရက်မှ စတင်ရှင်းလင်းရာ ယနေ့ နိုဝင်ဘာ ၂၂ ရက် တွင် ရှင်းယုံလီပလာဇာ ၁၂ ထပ် အဆောက်အအုံ ၁ လုံးနှင့် အခြားအဆောက်အအုံ ၃၈ လုံး ကို ဆက်လက်ရှင်းလင်းခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် မော်နီတာ ၂၄၀ လုံး ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများက ယင်းလုပ်ငန်းများတွင် အသုံးပြုသည့် သိမ်းဆည်းရမိထားသော ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများ ကို စက်ယန္တရားများဖြင့် ဖျက်ဆီးခဲ့သည် ဟု သတင်းရရှိသည်။


