AD လိုင်စင်ရ ဘဏ်များနဲ့ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၃.၀၄၄ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဒါ့အပြင် တရုတ်ယွမ် ၂၀.၈၀၇ သန်းနဲ့ ထိုင်းဘတ်ငွေ ၅၅.၅၄၄ သန်းလည်း အလွှဲအပြောင်းရှိခဲ့တယ်လို့ သိရပါတယ်။FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။



