ပြည်ပကို ပို့ကုန်တွေ တင်ပို့ခဲ့ပြီး ရရှိလာတဲ့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ပြန်လည်ပေးသွင်းမှုမရှိတဲ့ ပဲလုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူထားပြီးကောင်စီရဲ့ ထုတ်ပြန်ချက်အရ Maha Nadi International Co.,Ltd. က ဒေါ်လာသန်း ၄၀ ကျော်၊ RK Shipping and Trading Co.,Ltd. ဒေါ်လာ ၂ သန်းကျော်၊ Taw Thar Gyi Co.,Ltd. က ဒေါ်လာ ၉.၃ သန်းကျော်နဲ့ Ocean Lion King Co.,Ltd. က ဒေါ်လာ ၁.၆ သန်းကျော် ပြန်လည်ပေးသွင်းဖို့ ကျန်ရှိနေတာလို့ သိရပါတယ်။အဆိုပါကုမ္ပဏီတွေရဲ့ တာဝန်ရှိသူ ၈ ဦးထဲက ၄ ဦးကို ဖမ်းဆီးအရေးယူထားပြီး ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ ငွေကြေးမူဝါဒတွေ တည်ငြိမ်စေရေးအတွက် ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့ ပျက်ကွက်တဲ့ အခြားကုမ္ပဏီတွေကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။



