နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် လယ်ဝေးမြို့နယ်၊အေလာမြို့၊ ရွာမရပ်ကွက်အတွင်းရှိလမ်းဘေး၌ချောင်းခွကျေးရွာနေ ကျော်ဇင်ဦး(ခ)သုည(၄၄)နှစ်သည်နှစ်လုံးထီ ရောင်းချနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နှစ်လုံးထီရောင်းချရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၀၃,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဇင်ဦး(ခ)သုညအား လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်
အရေးယူထားကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီခွဲအချိန်တွင် နတ်တလင်းမြို့နယ်၊ ငှက်ကုန်းကျေးရွာနေ မဆုမြတ်မွန် (၂၅)နှစ်၏နေအိမ်၌ နှစ်လုံးထီရောင်းချနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ်ရှိ ကွပ်ပျစ် ပေါ်၌ ၎င်းအား နှစ်လုံးထီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅၁,၄၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဆုမြတ်မွန်အား နတ်တလင်းမြို့မရဲစခန်း (ပ)၁၃၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ထို့အတူ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ညောင်ပင်ကုန်းကျေးရွာနေ ဒေါ်စန္ဒာဝင်း(ခ)မဖြူ (၅၀)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ် အိမ်ရှေ့ခန်းတွင် နှစ်လုံး/သုံးလုံးထီ ရောင်းချရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၅၂၂၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စန္ဒာဝင်း(ခ)မဖြူအား တာပွန်နယ်မြေရဲစခန်း (ပ)၇၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



