back

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

Nov 22 • 1:32 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် က...

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်ကို ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသားက မူးယစ်ဆေးပြားများကို ကိုစည်သူအောင်ထံက ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ည ၈ နာရီခန့်တွင် ကိုစည်သူအောင်ထံက ဆေးပြားဝယ်ယူ၍ အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ကျွန်းပေါ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ ကိုစည်သူအောင်စီးသော ဆိုင်ကယ်သည် ဘန်တိုင်းဒေသရှိ ဘန်ဂလိုတစ်ခုတွင် ရပ်ထားသည်ကို စုံစမ်းသိရှိခဲ့ရသည်။လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၆ ဦးကို ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ထားပြီး တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးသုံးစွဲမှု၊ ဖြန့်ဝေမှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။




news-view-count-icon

10