back

ကော့သောင်းဆိပ်ကမ်းအနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ် တည်ဆောက်ရန် စီစဉ်နေ

Nov 22 • 1:33 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကော့သောင်းဆိပ်ကမ်းအနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ် တည်ဆောက်ရန် စီစဉ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဆိပ်ကမ်းအနီးမှာ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) ကနေ သ...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဆိပ်ကမ်းအနီးမှာ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) ကနေ သိရပါတယ်။ဒါ့ကြောင့် အတွေ့အကြုံရှိပြီး စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ တင်ဒါတင်သွင်းကြဖို့ MPA က ဖိတ်ခေါ်ထားပါတယ်။တင်ဒါပုံစံကို အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်မှာ ယခုလ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တင်ဒါဖွင့်လှစ်သွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို မြို့ပြအင်ဂျင်နီယာဌာနထံ မေးမြန်းစုံစမ်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီကနေ သိရပါတယ်။





news-view-count-icon

44