ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေရေးအတွက်နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး စားသုံးသူအိမ်ထောင်စုတွေထံ အိတ်အကြီး (၁၀၈ ပေါင် - ၂၄ ပြည်) ကို အိမ်အရောက်စနစ်၊ အိတ်အသေး (10 Kg, 5Kg) တွေကို ရပ်ကွက်တွေ၊ ဈေးတွေဆီ လှည့်လည်ရောင်းချပေးမယ်လို့ ဆိုပါတယ်။မိမိတို့ လက်ဝယ်သိုလှောင်ထားတဲ့ ပေါ်ဆန်းဆန်တွေကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာနဲ့ ဈေးကွက်အတွင်းကို စဉ်ဆက်မပြတ် ထုတ်ရောင်းပေးဖို့နဲ့ သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း (လုံးဝ) မပြုလုပ်ဖို့ အသိပေးထားပါတယ်။



