ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။ ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ တတိယနှစ်ကျောင်းသားကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရဲစခန်းက ဖမ်းဆီးသွားပြီး ကျောင်းဘက်မှလည်း ကျောင်းနှစ်နှစ်နားရန် အရေးယူခံ ထားကြောင်း သိရသည်။



