အီရန်အနေဖြင့် နျူကလီးယား စက်ရုံများသို့ ဝင်ရောက်ခွင့်အပါအဝင် အပြည့်အဝနှင့် လျင်မြန်စွာ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် တောင်းဆို သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို နိုင်ငံ
တကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ ) ဘုတ်အဖွဲ့က နိုဝင် ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ဇွန်လတွင် အစ္စရေးနှင့် အမေရိ ကန်တို့သည် အီရန်နျူကလီးယားစက် ရုံများကို တိုက်ခိုက်မှုများ ပြုလုပ်ပြီး နောက် အိုင်အေအီးအေနှင့် အီရန်တို့ အကြား တင်းမာမှုများ ပြန်လည်ပေါ် ပေါက်လာခဲ့သည်။ ကုလသမဂ္ဂ စစ်ဆေးရေးမှူးများသည် ပျက်စီးနေ သော အဆောက်အအုံများသို့ ဝင်ရောက်ခွင့် မရှိသေးပေ။အိုင်အေအီးအေ စစ်ဆေးရေး မှူးများကို အဓိက နျူကလီးယားစက်ရုံ နေရာများသို့ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုမှုကို ပြန်လည်စတင်ခဲ့ပြီး အေဂျင်စီ၏ ဘုတ်အဖွဲ့သည် အမေရိ ကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အဆိုပြုထားသော ဆုံးဖြတ်ချက်တစ် ရပ်ကို ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ သုံး မဲ၊ ကြားနေမဲ ၁၂ မဲဖြင့် အတည်ပြုခဲ့ သည်။အဆိုပါ ဆုံးဖြတ်ချက်တွင် အီရန်အနေဖြင့် လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ အရ ၎င်း၏ ဥပဒေရေးရာ တာဝန် ဝတ္တရားများကို အပြည့်အဝနှင့် နှောင့် နှေးမှုမရှိဘဲ လိုက်နာရန်၊ အိုင်အေ အီးအေနှင့် အပြည့်အဝ လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် တိုက် တွန်းထားပြီး အေဂျင်စီက တောင်းဆို သည့် သတင်းအချက်အလက်နှင့် ဝင် ရောက်ခွင့်ပေးရန်တို့ပါဝင်သည်။အီရန်ကမူ ယင်းကိစ္စကို ပယ်ချ ထားပြီး မဲပေးမှုကိုလည်း ရှုတ်ချ ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ပြောသည်။ယင်းကိစ္စကို အဆိုပြုခဲ့သော နိုင်ငံများကြောင့် အေဂျင်စီနှင့် အီရန် အကြား အပြန်အလှန်ဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်ဟု ၎င်း က နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်တွင် ပြောကြားသည်။



