back

သံတမန်ရေးအငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း တရုတ်အပျော်စီးသင်္ဘောများ ဂျပန်ကိုဦးတည်သွားရောက်မှု ရှောင်ရှားဖွယ်ရှိ

Nov 22 • 4:45 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

သံတမန်ရေးအငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း တရုတ်အပျော်စီးသင်္ဘောများ ဂျပန်ကိုဦးတည်သွားရောက်မှု ရှောင်ရှားဖွယ်ရှိ

တရုတ်အပျော်စီးသင်္ဘောလုပ်ငန်းများသည်တရုတ်နှင့်ဂျပန်တို့ သံတမန်ရေးအငြင်းပွားမှုဖြစ်ပွားနေခြင်း ကြောင့် ဂျပန်ဆိပ်ကမ်းများ ကိုရှောင်ရှားဖို့အလျင်အ မြန်ကြိုးပမ်းနေက...

တရုတ်အပျော်စီးသင်္ဘောလုပ်ငန်းများသည်တရုတ်နှင့်ဂျပန်တို့ သံတမန်ရေးအငြင်းပွားမှုဖြစ်ပွားနေခြင်း ကြောင့် ဂျပန်ဆိပ်ကမ်းများ ကိုရှောင်ရှားဖို့အလျင်အ မြန်ကြိုးပမ်းနေကြကြောင်း ရိုက်တာသတင်းက ဖော် ပြခဲ့သည်။ ယင်းသည်တောင်ကိုရီးယားမှ ခရီး သွားလုပ်ငန်းအတွက် ဝယ်လိုအားတစ်ဟုန်ထိုးမြင့်တက်လာမည့် အခြေ အနေ ဟု မှန်းဆထားကြောင်း ရိုက်တာသတင်းဌာနကဆန်းစစ်ထားသည့် သတင်းအရင်းအမြစ်များနှင့် အပျော်စီးခရီးသွား အစီအစဉ်များအရ သိရသည်။ မကြာသေးခင်က ဂျပန်ဝန်ကြီးချုပ်သစ်ထံမှ မှတ်ချက်စကားများကြောင့် စတင်ဖြစ်ပေါ်လာသော တင်းမာ မှုများသည် တရုတ်ခရီးသွားများ ဂျပန်မှတောင်ကိုရီးယားသို့ လမ်းကြောင်း ပြောင်းလဲ သတ်မှတ်မှု များဖြစ်ပေါ် နိုင် သည်ဟု ခရီးသွားနှင့်ဆိပ်ကမ်းအေးဂျင့်များက ပြောသည်။ယခုလအစောပိုင်းတွင် ဆာနာအဲတာကာအိချိက တရုတ်တိုင်ပေအားဂျပန်၏ရှင်သန်ရပ်တည်မှုကို ခြိမ်း ခြောက်သည့်တရုတ်၏ တိုက်ခိုက်မှုတစ်ရပ်သည် စစ်ရေးအရတုန့်ပြန်မှုကိုစတင်ဖြစ်ပေါ်လာနိုင်သည်ဟု ဂျပန် လွှတ်တော် အမတ်များအား ပြောခဲ့သည်။

တောင်ကိုရီးယားခရီးသည်များသွားရောက်ရ Jejuကျွန်းနှင့်ဂျပန်သို့သွားလာသည့် တရုတ်အပျော်စီး သင်္ဘော Adora Magic City သည် စီစဉ်ထားသည့်ဂျပန်၏ ဖူကူအိုကာ၊ဆဆဲဘိုနှင့် နာဂါစကီဆိပ်ကမ်း များ တွင်ရပ်နားမှုကိုရှောင်ရန်အတွက် ဒီဇင်ဘာလအတွက်အစီအစဉ်များကို ပြောင်းလဲလိုက်သည်ဟု တောင်ကိုရီး ယားJejuပြည်နယ် အစိုးရဝက်ဘ်ဆိုက်တွင်ထုတ်ပြန်ထားသော သတိပေးချက်အရသိရသည်။ယင်းအစားအပျော်စီးသင်္ဘောသည် Jejuတွင် ၃၁နာရီမှ ၅၇နာရီအထိ ရပ်နားသွားမည်ဖြစ်သည်။ ပုံမှန် သတ်မှတ်ထားသော ကိုးနာရီထက်ပိုမိုရှည်ကြာစွာရပ်နားခြင်းဖြစ်သည်ဟု သတိပေးချက်တွင် ဖော်ပြထား သည်။Jejuပြည်နယ် တာဝန်ရှိသူတစ်ဦးက အပျော်စီးသင်္ဘောလုပ်ငန်းသည် အကြောင်းပြချက်မပေးဘဲ အစီ အစဉ် အပြောင်းအလဲကို ပန်ကြားခဲ့သည်ဟုဆိုသည်။တိုကျိုအခြေစိုက် ခရီးသွားလုပ်ငန်း East Japan International Travel Service က ယခုနှစ် လက်ကျန် ကာလများအတွက် ကြိုတင်စာရင်းသွင်းထားမှု၏ ၈၀ရာခိုင်နှုန်းကို ယခုသီတင်းပတ်တွင် ဆုံးရှုံးသွားခဲ့ သည်ဟု ထုတ် ပြန်မှုနှင့်အတူ ဂျပန်သည် သံတမန်ရေးအငြင်းပွားမှုကြောင့်နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ သည်။ တောင်ကိုရီးယားဆိပ်ကမ်းအေးဂျင့် Eastern Shipping စီအီးအို Lee Yong gun ကတရုတ်အပျော်စီး သင်္ဘောလိုင်းများကလည်း လမ်းကြောင်းပြောင်းလဲရန်ဆွေးနွေးနေကြသည်ဟု ရိုက်တာသတင်းဌာန ကိုပြော သည်။ တရုတ်က ဂျပန်သို့ခရီးသွားမှုကိုရှောင်ရှားရန်အကြံပြုနေမှုသည် နိုင်ငံ၏ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သော တုန်လှုပ်မှုများကိုဖြစ်ပေါ်စေပြီး တောင်ကိုရီးယား၏ခရီးသွားနှင့်ဆက်စပ်သော ကုမ္ပဏီများ ၏အစုရှယ်ယာ များ ယခုသီတင်းပတ်အတွင်း တစ်ဟုန်ထိုးမြင့်တက်မှုကိုလည်းဖြစ်ပေါ်စေသည်။


news-view-count-icon

20