သကြားလုံးနဲ့ ချိုချဉ်တွေက ကလေးတွေအကြိုက် အရသာရှိပြီး ရောင်စုံဖြစ်တယ်ဆိုပေမယ့် သကြားတွေ၊ အရောင်တွေ၊ ဓာတုပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ေချာကလက်ကတော့ သဘာဝပါဝင်ပစ္စည်းများ ပါဝင်တာကြောင့် ဘယ်ဟာကို ကျွေးလို့အဆင်ပြေမလဲဆိုတာ သိထားသင့်တာတွေကို ဖော်ပြထားပါတယ်။ (၁) သကြားလုံးများမှာ သကြားနဲ့စွဲလမ်းပစ္စည်းများပါဝင်ခြင်း သကြားလုံးချိုချဉ်ဆိုတာ သန့်စင်သောသကြား၊ သကာရည်၊ ဆိုးဆေးများဖြင့် အဓိကပြုလုပ်ထားပြီး အာဟာရဓာတ် မပါဝင်တဲ့အပြင် သကြားဓာတ် မြင့်မားတာကြောင့် သွားယိုင်နဲ့ခြင်းနဲ့၊ အဝလွန်ခြင်း ဆီးချိုတို့ပင် ဖြစ်နိုင်ခြေ များစေပါတယ်။



