back

နေပြည်တော်မှာ အိမ်ငှား၊အခန်းငှားယခင်ထက်ကြေးမြင့်လာ၍ ငှားရမ်းနေထိုင်သူများ အခက်တွေ့ နေ

Nov 22 • 4:37 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်မှာ အိမ်ငှား၊အခန်းငှားယခင်ထက်ကြေးမြင့်လာ၍ ငှားရမ်းနေထိုင်သူများ အခက်တွေ့ နေ

နေပြည်တော်မြို့နယ်များတွင်အိမ်ငှား၊အခန်းငှားမည့်သူများရှိနေသော်လည်း ငှားရမ်းခကြေးမြင့်နေသဖြင့်ဌားရမ်းသူနည်းပါးလာကြောင်းသိရသည်။သီတင်းကျွတ်နောက်ပိုင်းအိမ်ငှားမယ်၊...

နေပြည်တော်မြို့နယ်များတွင်အိမ်ငှား၊အခန်းငှားမည့်သူများရှိနေသော်လည်း ငှားရမ်းခကြေးမြင့်နေသဖြင့်ဌားရမ်းသူနည်းပါးလာကြောင်းသိရသည်။

သီတင်းကျွတ်နောက်ပိုင်းအိမ်ငှားမယ်၊ဆိုင်ခန်းငှားမယ်တို့ဆိုတာတွေရှိနေပေမဲ့ငှားသူသိပ်မရှိဘူး၊ဘာလို့လည်းဆိုတော့ငှားရမ်းခဈေးတွေမြင့်နေလို့၊ ငှားတဲ့သူတွေကလည်းလောဘကြီးပြီး ဈေးတွေတင်၊တကယ်ငှားမဲ့သူကလည်း ဈေးမြင့်တော့ အင်သွားရော။ ငလျင်လှုပ်ပြီးနောက်ပိုင်းနေအိမ်တွေပြိုပျက်မှုတွေကြောင့် လောလောဆယ် အဆောက်အဦအပြိုအပျက်တွေရှင်းလင်းတဲ့အချိန်ကတော့ ခဏတာနေဖို့တောင်းသလောက်ပေးငှားခဲ့ကြပေမဲ့အခုကြငှားရမ်းခတွေကြေးမြင့်တော့ကိုယ့်နေရာလေးမှာဘဲယာယီအဆောက်အဦလေးတွေလုပ်ပြီးပြန်နေကြတော့တယ်၊တတ်နိုင်တဲ့သူတွေကပြန်ဆောက်ကြတယ်” ဟု ပျဉ်းမနားမြို့ခံတစ်ဦးမှပြောသည်။နေပြည်တော်မြို့နယ်များတွင်ငလျင်လှုပ်ပြီးနောက်ပိုင်းအိမ်ငှားဈေးများတစ်လ(၃)သိန်းအထက်တက်လာပြီးသပြေကုန်းလိုနေရာများတွင် ကျပ်ငါးသိန်းအထက်ပေးနေရကြောင်း ၊မြို့တွင်းအချက်အချာ ကြသည့်နေရာများတွင် ဆယ်သိန်းအထက်ရှိပါတယ်။


news-view-count-icon

36