back

ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ နေရာ ၂၇ ခုမှာ ဒီည ရေပြတ်တောက်မည်ဟုသိရ

Nov 22 • 4:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ နေရာ ၂၇ ခုမှာ ဒီည ရေပြတ်တောက်မည်ဟုသိရ

ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ခံတွေအနေနဲ့ ဒီည (နိုဝင်ဘာ ၂၂) ည ၁၀ နာရီကနေ မနက်ဖြန် (နိုဝင်ဘာ ၂၃) မနက် ၅ နာရီအထိ မြို့တော်တစ်ဝှမ်းက နေရာ ၂၇ ခုမှာ ရေပြတ်တောက်သွားမှ...

ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ခံတွေအနေနဲ့ ဒီည (နိုဝင်ဘာ ၂၂) ည ၁၀ နာရီကနေ မနက်ဖြန် (နိုဝင်ဘာ ၂၃) မနက် ၅ နာရီအထိ မြို့တော်တစ်ဝှမ်းက နေရာ ၂၇ ခုမှာ ရေပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ Bang Khen ရေစက်ရုံမှာ အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်မှာဖြစ်လို့ ရေကြိုလှောင်ထားကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ရေပြတ်တောက်မယ့် နေရာများမှာ-🔶Phahon Yothin လမ်း: Ratchayothin Intersection မှ National Memorial အထိ (မကိန်းဘက်ခြမ်း) နဲ့ Soi 66 အထိ (စုံကိန်းဘက်ခြမ်း)။🔶လမ်းမကြီးများ: Sai Mai, Sukhaphiban 5, Theparak, Watcharaphon, Chatuchot, Chaloem Phong နဲ့ Permsin လမ်းများ🔶Ramintra လမ်း: Soi 1 မှ Soi 67 အထိ (မကိန်းဘက်ခြမ်း) နဲ့ Soi 2 မှ Soi 36 အထိ (စုံကိန်းဘက်ခြမ်း)🔶Kamphaeng Phet 6 လမ်း: Wat Thewasunthorn မှ Thecha Thungka intersection အထိ။🔶Vibhavadi Rangsit လမ်း: Chulabhorn Hospital မှ Phahon Yothin အထိ (မကိန်းဘက်ခြမ်း) နဲ့ Yakult (Thailand) Company မှ National Memorial အထိ (စုံကိန်းဘက်ခြမ်း)။🔶Chaeng Watthana လမ်း: Vibhavadi Rangsit မှ Laksi Circle အထိ။🔶Thecha Thungka လမ်း: Kamphaeng Phet 6 မှ Nawong Prachapatana အထိ။🔶Chang Akat Uthit လမ်း: Kamphaeng Phet 6 မှ Sirisuk Intersection အထိ။🔶Song Prapha လမ်း: Don Mueang Temple မှ Happy Avenue Project အထိ။🔶အခြားနေရာများ: Saranakhom, Kosum Ruamjai, Soi Thung Song Hong Housing, Saphan Mai Market, M. Water Company နဲ့ NXP Manufacturing (Thailand) Company.🔶Ngamwongwan လမ်း: Vibhavadi Rangsit နဲ့ Kaset Intersection ကြား။🔶Pradit Manutham လမ်း: Kaset Intersection မှ Khlong Lat Phrao အထိ။🔶Senanikom လမ်း: Senanikom Intersection မှ Khlong Lat Phrao အထိ။🔶Ratchadaphisek လမ်း: Ratchavipha Intersection မှ Ratchayothin Intersection အထိတို့ ဖြစ်ပါတယ်။ဘန်ကောက် အာဏာပိုင်တွေက ရေပြတ်တောက်တဲ့အတွက် ပြည်သူတွေကို တောင်းပန်တယ်လို့ ပြောကြားထားပါတယ်။


news-view-count-icon

33