back

ပြည်တွင်း၌ဧည့်မထဆန် ဈေးတက်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးကျနေ

Nov 22 • 4:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ဧည့်မထဆန် ဈေးတက်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးကျနေ

ပြည်တွင်း၌ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာဧည့်မထဆန် ဈေးတက်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးကျနေတယ်လို့စျေးကွက်အတွင်းကသိရပါတယ်။ဆန် စျေးကွက်အတွင်းမှာ ဧည့်မထဆန်(ဟောင်း...

ပြည်တွင်း၌ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာဧည့်မထဆန် ဈေးတက်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးကျနေတယ်လို့စျေးကွက်အတွင်းကသိရပါတယ်။

ဆန် စျေးကွက်အတွင်းမှာ ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(2,3,4) နဲ့ ဖွဲနုဈေး တွေမြင့်တက်ပြီး ဆန်ကွဲB(1,2)ဈေးတည်ငြိမ်ကာ ပေါ်ဆန်းမွှေးဆန်ဈေးကျဆင်းနေတာဖြစ်ပါတယ်။

ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာ ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူတွေရဲ့ ဝယ်လိုအားအနည်းအများအပေါ် မူတည်ပြီး ဆန်တဲ့ ဆန်ကွဲ၊ ဖွဲနုဈေး တွေ အတက်အကျ ဖြစ်ပေါ်နေတာဖြစ်ပါတယ်လို့ " ကုန်စည်ဒိုင်တစ်ခုကပြောပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ နိုဝင်ဘာ ၁၃ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၈,၀၀ဝကျပ် နဲ့ ဖွဲနုတစ်အိတ် ၂၂,၈၀၀ကျပ် စတဲ့နှုန်းထားတွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာ ၂၁ ရက်မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၈,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၆,၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀,၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၄,၆၀၀ကျပ်တွေနဲ့အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။အခုလိူ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ဆန်ကွဲB(2,3,4)နဲ့ ဖွဲနု ဈေး တွေ မြင့်တက်သွားတာဟာ ကုန်ကြမ်းနည်းပြီး ဝယ်လို အားများတာကြောင့် ဈေးမြင့်တက်သွားတာဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်ဈေး ကျဆင်းသွားတာဟာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းသွားတာဖြစ်ပါတယ်လို့ "ပဲခူးကုန်စည်ဒိုင် ဉက္ကဌ က ပြောပါတယ်။အခုတစ်ပတ်နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၃,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁,၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃,၀၀၀ကျပ်နဲ့ ဖွဲနု တစ်အိတ် ၁,၈၀၀ကျပ်တွေနဲ့ ဈေးမြင့်တက်ပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀,၀၀ဝကျပ် ဈေးကျကာ ဆန်ကွဲB(1,2) ဈေးမှာတည်ငြိမ်နေတယ်လို့ စျေးကွက်စျေးနှုန်းတွေအရသိရှိရပါတယ်။

news-view-count-icon

32