ထိုင်းနိုင်ငံ၊ ဘန်ကောက်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား အကျဉ်းသားများ ကို ထိုင်းနိုင်ငံသားများထက် အခွင့်အရေးပိုပေးခဲ့ခြင်းကြောင့် ထိုင်းတရားရေးဝန်ကြီးဌာနက ဘန်ကောက်ထောင်ပိုင်ကြီး ချုမ်ချွှန့် အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးကျော် ကို နေရာပြောင်းရွှေ့ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထိုင်းရတ်သတင်းက ဖော်ပြသည်။ ထိုင်းအကျဉ်းသားများ၏ တိုင်ကြားချက်အရ ထောင်အတွင်း ဝင်ရောက်စစ်ဆေးရာတွင် တရုတ်အကျဉ်းသားများ နေထိုင်သည့် အိပ်ဆောင်များ၌ အဲယားကွန်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများနှင့် ချွန်ထက်သောပစ္စည်းများ အများအပြား တွေ့ရှိခဲ့ရသည်။ ထို့ပြင် တရုတ်အကျဉ်းသားများက ထောင်ဝါဒါများကို လာဘ်ပေးထားခြင်းကြောင့် အလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ သာလွန်ကောင်းမွန်စွာ နေထိုင်ရကာ၊ အငြင်းပွားမှုများတွင်လည်း တရုတ်ဘက်ကသာ အမြဲတမ်း မှန်ကြောင်း ဆုံးဖြတ်ခြင်းများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
တရုတ်အကျဉ်းသားများကို အထူးအခွင့်အရေးပေးခဲ့မှုကြောင့် ဘန်ကောက်ထောင်ပိုင်ကြီး အပါအဝင် ဝန်ထမ်း ၁၀ ဦးကျော် နေရာပြောင်းရွှေ့ခံရ
Nov 22 • 2:58 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


