back

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချသေဆုံးခဲ့

Nov 22 • 3:00 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချသေဆုံးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတား (ဒေါပုံဘက်အဆင်း) ပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက်၊ သောကြာနေ့ ညနေ (၅) နာရီ (၅၅) မိနစ်ခန့်က အမျိုးသမီးတစ်ဦး ရေထဲကို...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတား (ဒေါပုံဘက်အဆင်း) ပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက်၊ သောကြာနေ့ ညနေ (၅) နာရီ (၅၅) မိနစ်ခန့်က အမျိုးသမီးတစ်ဦး ရေထဲကို ခုန်ချသေဆုံးခဲ့ကြောင်း သိရပါတယ်။ရေထဲခုန်ချခဲ့သူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ငါးဖမ်းလှေများရဲ့ အကူအညီနဲ့ ဆယ်ယူခဲ့ရပြီး၊ ရွှေဝါထွန်-၇ ရေယာဉ်ပေါ်ကနေ ကုန်းပေါ်ကို သယ်ယူခဲ့ကြောင်း သိရပါတယ်။အဆိုပါ အမည်မသိ၊ နေရပ်မသိ အမျိုးသမီးရဲ့ ရုပ်အလောင်းကို "ရှင်သန်ရေး" ကူညီမှုအသင်းရဲ့ ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (YGH)ကို ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ အမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်းနှင့် ခုန်ချရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။


news-view-count-icon

31